Breaking News

နောက်ခံသမိုင်းကြောင်း

မင်္ဂလာပါ

  • အခြေခံပညာဦးစီးဌာန၊ ဟင်္သာတမြို့၊ အမှတ်( ၄ ) အစိုးရအထက်တန်း ကျောင်းတည်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တာငါးဆယ်တောင်ရပ်ကွက် ၊ ကရင်ကျောင်းလမ်းရှိ မြေကွက်အမှတ် (၂၀၂)၊ မြေနေရာ အကျယ်အဝန်း ( ၅.၃၄၆၂ )ဧက အား ( ၁၉၇၆ – ၁၉၇၇ ) ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးနှင့်သက်မွေးပညာဦးစီးဌာနမှ လွှဲပြောင်းရယူခဲ့ပြီး ( ၁.၈.၁၉၇၇ ) ခုနှစ်တွင် ဟင်္သာတမြို့၊ စက်မှုလက်မှုအထက်တန်း ကျောင်း အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ စက်မှုလက်မှုအထက်တန်းကျောင်း(ဟင်္သာတ) အား(၁၉၇၇-၁၉၈၃)ထိ ဖွင့်လှစ်ခဲ့ ပြီး မော်တော်ယာဉ်၊ လျှပ်စစ်သင်တန်း၊ တွင်ခုံ/ဖောက်ခုံနှင့် အဆောက်အဉီ သင်တန်းများဖွင့်လှစ်ခဲ့ပါသည်။
  • ( ၂၅.၁၁.၁၉၉၉ ) ခုနှစ်တွင် အစိုးရအတတ်ပညာ ကောလိပ် (ယခုအခေါ် အစိုးရနည်းပညာကောလိပ်) အဆင့်သို့ တိုးမြှင့် ဖွင့်လစ်ခဲ့ပါသည်။ v(၁၆.၆.၂၀၀၇)တွင်ကွန်ပျူတာတက္ကသိုလ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
  • ( ၅.၅.၂၀၀၉ )တွင် အစိုးရနည်းပညာအထက်တန်းကျောင်း ( ဟင်္သာတ )ကို ကွန်ပျူတာတက္ကသိုလ်ဝန်းအတွင်း ဧရိယာ အကျယ်အဝန်း (၁.၄၂၃ ) ဧကပေါ် တွင်ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။