အလုပ်အကိုင်အခွင့်အလမ်း
- ပုံမှန်သင်တန်း တက်ရောက်ပြီးစီးသည့် ကျောင်းသား/သူများအနေဖြင့် ကျေးလက်ဦးစီးဌာန ၊ ဆည်မြောင်းဦးစီးဌာန ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း တို့တွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်
ဖြစ်ပါသည်။
Transformer ထုတ်လုပ်သောစက်ရုံများ၊မြန်မာ့ဆက်သွယ်ရေးရုံးများ၊
Circuit Production စက်ရုံများ တို့တွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်
ဖြစ်ပါသည်။
Electrical Technology သင်တန်း(၂)နှစ် တတ်မြောက်အောင်မြင်ပြီးပါက အခြေခံ လျှပ်စစ်လုပ်ငန်းပိုင်း ဆိုင်ရာနယ်ပယ်များတွင် လျှပ်စစ်ကျွမ်းကျင် လုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းလုပ်ငန်းများ၊ Electrical Machines များဖြစ်သည့် motor, generator နှင့်transformerနှင့် ဆက်စပ်အသုံးပြုရမည့် လုပ်ငန်းခွင်များ တွင် ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။ Electrical Technology သင်တန်း (၂)နှစ်အား ထူးချွန်စွာတတ်မြောက်အောင်မြင်သည့် ကျောင်းသား/သူများ အနေဖြင့် ဦးစီး ဌာနမှ ဖွင့်လှစ်သည့် G.T.I ကျောင်းများရှိ တစ်ဆင့်မြှင့် သင်တန်းသို့ ဆက်လက်တက်ရောက် နိုင်ပါသည်။
ပုံမှန်သင်တန်းတက်ရောက်ပြီးစီးးသည့် သင်တန်းသား/သူများအနေဖြင့် ဆည်မြောင်းဦးစီးဌာန၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊နည်းပညာတက္ကသိုလ်၊အစိုးရနည်းပညာအထက်တန်းကျောင်းများ နှင့် အခြားစက်မှုလက်မှု လုပ်ငန်း များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါသည်။
GTHS-(၃) နှစ်ပြီးမြောက်ပါက စက်ပစ္စည်းတပ်ဆင်ထုတ်လုပ်ရေးစက်ရုံ/
အလုပ်ရုံများ, လုပ်ငန်းကုမ္ပဏီများ၊တိုင်းနှင့်ပြည်နယ်ဒေသကြီး စက်မှုဇုံများတွင် Machine Operators, Machinists, Weldes, Fitters နှင့် Skill Worker များ အဖြစ်လည်းကောင်း၊ကိုယ်ပိုင်စက်မှုလက်မှုလုပ် ငန်း လုပ်ကိုင်ဆောင်ရွက်၍လည်းကောင်း အသက် မွေးဝမ်းကြောင်း ပြုနိုင်ပါမည်။ အရည်အချင်းအလိုက် အောက်ပါအလုပ်အမျိုးအစား များတွင်ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိပါမည်။
1. Machinist (Lathe Machine, Milling Machine And Grinding Machines)
2. Machine Operator(Lathe Machine, Milling Machine And Grinding Machines)